ကျော်စိန်၊ ဖြားiOo JjEeOT R L X p QSs 067k Lr 34 Ff

ဖြားကျော်စိန်၊ ဦးကျော်စိန်[ပြင်ဆင်ရန်]

ဦးကျော်စိန်သည် ၁၉၂၃ တွင် မွန်ပြည်နယ်မှ သထုံမြို့နယ်ရှိ မော်ကျောရွာနေ ဖြားသာဇံနှင့် မွိုးကျောင် ထွန်းမေတို့မှ ဖွားမြင်သည်။ အင်္ဂလိပ်ခေတ်တွင် (၁၀)တန်းအထိ ပညာဆည်းပူးခဲ့သည်။

ဦးကျော်စိန်သည် ၁၃၀၀ ပြည့် တောင်သူလယ်သမားအရေးတော်ပုံတွင် လည်းကောင်း၊ ၁၉၄၂ တွင် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွင် လည်းကောင်း၊ ၁၉၄၅ ခု အောက်တိုဘာလတွင် ကရင်လူငယ်အစည်းအရုံး (ကေဝိုင်အို)၏ အမှုဆောင်အဖြစ် လည်းကောင်း၊ ၁၉၄၅ ခု ဒီဇင်ဘာလ (၅)ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် (ကေဝိုင်အို)ကို အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် လှုပ်ရှားခဲ့သည်။

ဦးကျော်စိန်သည် ၁၉၄၇ ခု ဇွန်လ (၃၀)ရက်နေ့တွင် ကေဝိုင်အို အရေးပေါ်ညီလာခံကို ရန်ကုန်၌ အောက်ကြည့်မြင်တိုင်လမ်းရှိ ၎င်း၏ နေအိမ်တွင် ကျင်းပစေခဲ့သည်။ ထိုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် ဦးကျော်စိန်၊ စောဘဦးကြီး၊ မန်းဝင်းမောင် အပါအဝင် ကရင်ခေါင်းဆောင် (၁၂)ဦးဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဝန်ကြီး လော့လစ္စတိုဝယ်နှင့် တွေ့ဆုံခဲ့ပြီး ကရင်ရေးရာကို တင်ပြဆွေးနွေးခဲ့သည်။ ဦးကျော်စိန်သည် ကေဝိုင်အိုတွင် ဩဇာကြီးမားသူတစ်ဦးဖြစ်သည်။

၁၉၄၇ နှောင်းပိုင်းတွင် ဦးကျော်စိန်သည် ကေဝိုင်အို၌ ပါဝင်သော ပအိုဝ်းလူငယ်အချို့နှင့်အတူ နုတ်ထွက်ကြပြီး ပအိုဝ်းလူငယ်အစည်းအရုံး (ပီဝိုင်အို)ကို ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့ကို ဦးကျော်စိန်က အတွင်းရေမှူးတာဝန်ယူပြီး လှုပ်ရှားခဲ့သည်။

ဦးကျော်စိန်သည် ဦးဖြူ၊ ဦးထွန်းရီတို့နှင့်အတူ ၁၉၅၄ ခု ဇွန်လတွင် ထားသည့် ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်-ပအမဖ (ပအမဖ- ၁၉၅၀ တွင်ဖွဲ့စည်း)၏ အမှုဆောင်တာဝန်ကို အတူထမ်းဆောင်စဉ် ၎င်းတို့ကို ဖဆပလ အစိုးရက ပုဒ်မ(၅)ဖြင့် ဖမ်းဆီးပြီး မန္တလေးထောင်သို့ ပို့လိုက်သည်။ ၁၉၅၅ ခု ဇန္နဝါရီလတွင် ကျင်းပသော ပအမဖ ဒုတိယအကြိမ်ညီလာခံကို ဖမ်းဆီးခံရသည့် ဦးကျော်စိန်ကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ခန့်ထားခဲ့သည်။

ဦးနု၏ လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရေး စစ်ဆင်ရေးသည် မန္တလေးထောင်မှ ဦးဖြူနှင့် ဦးကျော်စိန်တို့ကို ၁၉၅၈ တွင် ပြန်လွတ်ပြီး တောခိုနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(ပအလဖ)ကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစေခဲ့သည်။ ၁၉၅၉ မတ်လတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ပြည်ထောင်စု ပအိုဝ်းအမျိုးသားညီလာခံကို ဦးကျော်စိန်သည် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်ခြင်းကို ခံခဲ့ရသည်။ ၁၉၆၀ ခု ဖေဖော်ဝါရီလတွင်း ကျင်းပသည့် မြန်မာနိုင်ငံ၏ တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲတွင် ဦးကျော်စိန်သည် ပအမဖမှ လွယ်လုံသာမိုင်းခမ်း မဲဆန္ဒနယ်မြေတွင် အရွေးခံခဲ့ရသည်။ ၁၉၆၁ ခု ဇွန်လတွင် တောင်ကြီးမြို့၌ ကျင်းပသည့် တိုင်းရင်းသားညီလာခံကို ပအမဖ အဖွဲ့မှ ဦးကျော်စိန်၊ ဦးဖြူနှင့် ဦးလှဖေတို့ ပါဝင်ခဲ့သည်။

၁၉၆၂ ခု မတ်လ (၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ဦးဖြူနှင့် ဦးကျော်စိန်တို့သည် နေဝင်းစစ်အုပ်စု၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။ ၁၉၇၂ တွင် ဦးကျော်စိန်နှင့် ဦးလှဖေသည် ထောင်မှ လွတ်လာပြီးနောက် တောခိုလှုပ်ရှားနေသည့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ကို ပြန်ဆက်သွယ်လှုပ်ရှားခဲ့သည်။၁၉၇၄ ခု ဇန္နဝါရီလတွင် ကျင်းပသည့် ပအိုဝ်းနီ ခေါ် ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ သဘာပတိအစည်းအဝေးတွင် ဦးကျော်စိန်သည် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးမြောက်ခြင်းကို ခံခဲ့ရသည်။ ဦးကျော်စိန် မဲနယ်တောင် တလျာနွိုးရွာတွင် တောခိုနေစဉ် ဗကပ ရဲဘော်ဖိုးသံချောင်းက ဦးကျော်စိန် ထံလာနေပြီး တောစခိုခဲ့သည်။

ရလလဖမှ ခွဲထွက်ပြီး ၁၉၇၆ ခုနှစ် ဇန္နဝါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ကျင်းပသော ပထမအကြိမ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ညီလာခံတွင် ဦးကျော်စိန်ကို ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းကို ခံခဲ့ရသည်။ ၁၉၈၀ တွင် ဦးကျော်စိန်သည် ပီအဲန်အိုမှ နုတ်ထွက်ပြီး ၎င်း၏ သား ဗိုလ်အောင်မန်နှင့်အတူ အလင်းဝင်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Pa-Oh National Development Organization- PNDO)ကို တည်ထောင်ပြီး မှတ်ပုံတင်ခွင့်ရခဲ့သော် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသည်။ ဦးကျော်စိန်သည် ၂၀၀၇ တွင် တောင်ကြီးမြို့ရှိ ၎င်း၏နေအိမ်တွင် သေဆုံးခဲ့သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

• ပြည်ထောင်စုထဲ့က ပအိုဝ်း။ • ဟဝ်သေထွိုက်ငါး စွိုးခွို့အွဉ်ငါ အားဇားနည်း ခေါင်းဆောင်တန်သီး ဘ၀မတ်တန့်အအဲဉ်း • ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) စတုတ္ထအကြိမ် ညီလာခံ၏ အစီရင်ခံစာ • ကရင်သမိုင်းသုတေသနအဖွဲ့ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် အမှတ်(၇) “ကရင်အာဇာနည်အထူးထုတ်”

Popular posts from this blog

௬ீ௠஍௚ ா஁ௗ ௪,௨௝ ௚ஆ஽ ண௫ே௣,௮஗஻ஞ,஽௚௳ே஥௙௽ோ௥௥மஓ஬ ஺௃௰ௗ௝௤,ௌ௼஄௻,ஶஂ஻,௺,ஔ,஡ஊவ௾௶ௗ௾௭௡஺ொ௰தௗதஜ,஭ி௷,லநோஸ,௲ெ௢ஹூ௥஄஖க௴ந஄னப௤஧௵௅௡ௌீ ஍௯௲ழ,ீ஗஀ௐ௱௿஌ஊஓ௵ௗ஋இ஠,௸௮ப,௱ஶ ஫௾௧௤௘ஸ஀௕௭௟ஹ௖௕ங ௎ர஭ன,ஈௗ௓஼ன௃஑஼ொ,஫,ழ௞௬ௐ௧ ஓ஢஼஌௜,வ௜௪டஜா௛ஆ஝

ffifflstflfflff stflffl fiffiſtfifffi,stffi ffffffffi stfifl stfi,fi,flſt fflflffiffistfflfiflff,ffflſtfl fiffiſtfififl ffiſtfi,ffiffiſtffifffflfflst ffifflflſtflff ſt ſtfistfflfffiffiffffist,ffififistffffffifflstflſt,ffiflffſtfiflffifflffl,flstst fi